အကျဉ်းသားများလဲလှယ်ရေးဆိုင်ရာ အမေရိကန်နှင့် သီးခြားဆွေးနွေးရန် ရုရှားက အဆင်သင့်ဖြစ်နေဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဆို

(GMT+08:00)2022-08-15 17:26:24  

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Zakharovaက ယခုလ ၁၄ ရက်နေ့က "ရုရှား-၁" တီဗွီချန်နယ်မှ အင်တာဗျူးကိုလက်ခံခဲ့ရာ၌ ရုရှားအနေနှင့် အကျဉ်းသားများလဲလှယ်ရေးဆိုင်ရာ အမေရိကန်နှင့်သီးခြားဆွေးနွေးရန် အဆင်သင့်ဖြစ် နေရုံသာမက၊ လက်တွေ့လုပ်ဆောင်ချက်များ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။

နှစ်ဖက်စေ့စပ်ဆွေးနွေးမှုများတွင် ၎င်းတို့၏ အဓိကအကျိုးစီးပွားကို ကိုယ်စီ ထည့်သွင်းစဉ်းစားသင့်ကြောင်း Zakharovaက ဇူလိုင်လ ၂၈ရက်နေ့က ပြောခဲ့ဖူးသည်ဟု သတင်းအရ သိရသည်။