တောင်ကိုရီးယားပြည်သူများက တပ်တွင်းလိင်ကျွန် ကန့်ကွက်ရေး ဆန္ဒပြပွဲ ပြုလုပ်

(GMT+08:00)2022-08-15 17:25:04  

       သြဂုတ်လ ၁၄ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ ပြည်သူများသည် ဂျပန်စစ်တပ်၏ လိင်ကျွန်ဖြစ်ခဲ့ရသူများ ဓာတ်ပုံနှင့် သက်သေခံချက်များကို ကိုင်ထားပြီး ဂွမ်ဟွာမွန် ရင်ပြင်၌ စုစည်းဆန္ဒပြခဲ့ကြသည်။

       သြဂုတ်လ ၁၄ ရက်နေ့သည် ကမ္ဘာ့ တပ်တွင်းလိင်ကျွန် ကန့်ကွက်ရေးနေ့  ဖြစ်သည်။ ထိုနေ့တွင် တောင်ကိုရီးယားပြည်သူများသည် တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ဂျပန်သံရုံး ရှေ့နှင့် ဂွမ်ဟွာမွန် ရင်ပြင်တွင် စုစည်းပြီး ဆန္ဒပြပွဲ ပြုလုပ်ကြသည်။ ဂျပန်အစိုးရ မည်သို့ပင်ငြင်းဆိုစေကာမူ တပ်တွင်းလိင်ကျွန် ဆိုင်ရာ လုပ်ဆောင်ချက်သည် အမျိုးသမီးအပေါ် စစ်ရာဇဝတ်မှုဖြစ်ကြောင်း၊ သမိုင်းအဖြစ်မှန်ကို ဖုံးကွယ်၍ မရပြီး ဂျပန်နိုင်ငံအနေနှင့် တရားဥပဒေအရ တာဝန်ယူသင့်ကြောင်း တောင်ကိုရီးယားHankyoreh နေ့စဉ်သတင်းစာမှ ဖေါ်ပြပါသည်။