အိမ်နီးချင်းနိုင်ငံများက ဒုက္ခသည်ပြဿနာကို ကိုင်တွယ်ဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် အာဖဂန်ကြားဖြတ်အစိုးရ ပန်ကြား

(GMT+08:00)2022-08-15 17:27:29  

၁၄ ရက်နေ့ နံနက်ပိုင်းတွင် အာဖဂန်ကြားဖြတ်အစိုးရ ဒုက္ခသည်ရေးရာ ယာယီဒုဝန်ကြီး Mohammad Elsra Hrudi က အိမ်နီးချင်းနိုင်ငံဖြစ်သည့် တူရကီ၊ အီရန်နှင့် ပါကစ္စတန်တို့သည် အာဖဂန် ဒုက္ခသည်ပြဿနာကို ကိုင်တွယ်ဖြေရှင်းရာတွင် ကြားဖြတ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် ပန်ကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။

၂၀၂၁ ခုနှစ်က အမေရိကန်တပ်များ အာဖဂန်မှ ဆုတ်ခွာခဲ့ချိန်တွင် အာဖဂန်နိုင်ငံသား အများအပြားသည် တူရကီနှင့် အီရန်စသော နိုင်ငံများသို့ နည်းလမ်း အမျိုးမျိုးဖြင့် သွားရောက်ခဲ့ကြပြီး အများစုမှာ  တရားဝင် ID မရှိကြောင်း သတင်း ရရှိပါသည်။