အန္တာတိကတိုက် ရေခဲလွှာများ အရည်ပျော်မှု လျင်မြန်နေပြီး နှစ်ပေါင်း ၄၈၀ ပြီးနောက် ပင်လယ်ရေမျက်နှာပြင်သည် ၂ မီတာမှ ၅ မီတာအထိ မြင့်တက်မည်

(GMT+08:00)2022-08-15 17:32:33  

ဩစတြေးလျ အစိုးရတက္ကသိုလ်မှ ၁၁ ရက်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် ၄င်းတက္ကသိုလ်မှ သုတေသနပညာရှင်များ ပါဝင်သော နိုင်ငံတကာအဖွဲ့အစည်းတစ်ခု၏ ခန့်မှန်းချက်အရ ပါရီသဘောတူညီချက်၏ ရည်မှန်းချက်များကို အကောင်အထည် မဖော်လျှင်  အန္တာတိကတိုက် အရှေ့တောင် ဝင်ရိုးစွန်းတွင် ရေခဲလွှာများသည် ရာသီဥတုပြောင်းလဲမှုကြောင့် လျင်မြန်စွာ အရည်ပျော် သွားမည်ဖြစ်ပြီး ၂၅၀၀ ခုနှစ်တွင် ပင်လယ်ရေမျက်နှာပြင်သည် ၂ မီတာမှ ၅ မီတာအထိ မြင့်တက်မည်ဖြစ်ကြောင်း ဖေါ်ပြထားသည်။ သက်ဆိုင်ရာစာတမ်းကို ဗြိတိန် ဂျာနယ် Nature တွင် ထုတ်‌ပြန်ခဲ့ကြောင်း သိရပါသည်။