အနောက်နိုင်ငံများသည် တိုင်းပြည်၏ပိုင်ဆိုင်မှုများကို သိမ်းယူပါက ထိုနည်းအတိုင်းပင် တုံ့ပြန်မည်ဟု ဘီလာရုစ် ဝန်ကြီးချုပ်ဆို

(GMT+08:00)2022-08-15 17:26:58  

ရုရှား Sputnik news agency မှ သြဂုတ်လ ၁၄ရက်နေ့က ထုတ်ပြန်သည့်သတင်းအရ ဘီလာရုစ် ဝန်ကြီးချုပ် Roman Golovchenko က Belarus-1 တီဗွီ၏ အင်တာဗျူးကို လက်ခံဖြေကြားရာတွင် ဘီလာရုစ်၏ ပိုင်ဆိုင်မှုများကို အနောက်နိုင်ငံများက သိမ်းယူခြင်း သို့မဟုတ် ပြည်သူပိုင်သိမ်းခြင်း ခံရပါက ဘီလာရုစ်သည် အလားတူနည်းအတိုင်း တုံ့ပြန်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Roman Golovchenko က အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများသည် ဖိအားပေးသည့် ကိရိယာတစ်ခု ဖြစ်ရုံသာမက ပေါင်းစပ်စစ်ပွဲဖြစ်စေသော ကိရိယာတစ်ခုလည်း ဖြစ်သည်ဟု ယူဆခဲ့ပါသည်။ အနောက်နိုင်ငံများသို့ ဘီလာရုစ်၏ တင်ပို့မှုမှာ လတ်တလောတွင် ရပ်တန့်လုနီးပါးဖြစ်ပြီး ယင်းအတွက် ဘီလာရုစ်နိုင်ငံသည် အာရှ၊ အရှေ့အလယ်ပိုင်း၊ အာဖရိက စသည့်ဒေသများတွင် အခြားသော ပို့ကုန်ဈေးကွက် များကို ရှာဖွေမည်ဖြစ်ပါသည်။