ရုရှားနိုင်ငံ၏ ပိုင်ဆိုင်မှုကို ထိန်းချုပ်ခြင်းသည် ရုရှား-ကန် နှစ်ဖက်ဆက်ဆံရေးကို အပြီးတိုင် ထိခိုက်စေမည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ကန်အား သတိပေး

(GMT+08:00)2022-08-15 17:25:42  

မကြာခင်က ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန မြောက်အမေရိကရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Alexander Darchievက အမေရိကန်၏ ရုရှားပိုင်ဆိုင်မှုကို ထိန်းချုပ်သော လုပ်ရပ်မှန်သမျှသည် နှစ်နိုင်ငံဆက်ဆံရေးကို ထိထိရောက်ရောက် ထိခိုက်စေမည်ဟု ပြောကြားခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

Darchievက အမေရိကန်သည် ရုရှားနိုင်ငံအား “အကြမ်းဖက်ဝါဒထောက်ခံသောနိုင်ငံ” စာရင်းထဲတွင် ထည့်သွင်းပါက နှစ်နိုင်ငံ နိုင်ငံခြားရေးဆက်ဆံမှုကိုလည်း ပြင်းထန်စွာ ထိခိုက်စေမည်ဖြစ်ကြောင်း၊ အမေရိကန်သည် ရုရှား-ယူကရိန်း အချင်းပွားမှုတွင် တိုက်ရိုက် သက်ဆိုင်သူ ပိုပြီး ဖြစ်လာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု Tassသတင်းဌာနမှ ၁၃ရက်နေ့ထုတ်သတင်းအရ သိရပါသည်။