တောင်ကိုရီးယားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၁၄ ဦး သေဆုံး

(GMT+08:00)2022-08-15 17:33:05  

သြဂုတ်လတွင် တောင်ကိုရီးယားနိုင်ငံ၌ မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းမှုကြောင့် လူ ၁၄ ဦး သေဆုံးခဲ့ပြီး ၆ ဦး ပျောက်ဆုံးနေကာ ၂၆ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း တောင်ကိုရီးယား ဗဟို ဘေးအန္တရာယ်ကင်းရှင်းရေးဌာနက ၁၄ ရက်နေ့က ဖော်ပြခဲ့သည်ဟု Yonhap သတင်းဌာနမှ သတင်းကို ကိုးကား၍ တရုတ်သတင်း ဌာနက ရေးသားဖော်ပြပါသည်။