ပါကစ္စတန်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၁၀ ဦး သေဆုံး

(GMT+08:00)2022-08-15 17:33:59  

   ပါကစ္စတန်နိုင်ငံတစ်ဝန်းတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၁၀ ဦး သေဆုံးပြီး ၂၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန် နိုင်ငံတော်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနက သြဂုတ်လ ၁၃ ရက်နေ့ ညတွင် ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

   ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်းရှိ Balochistan ပြည်နယ်သည် ဘေးသင့် အခြေအနေ အဆိုးရွားဆုံးဖြစ်ပြီး လွန်ခဲ့သည့် ၂၄ နာရီအတွင်း လူ ၆ဦး သေဆုံးခဲ့ကြောင်း ပါကစ္စတန် နိုင်ငံတော်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနက ဖေါ်ပြခဲ့သည်။