ဂျေရုဆလင်မြို့ဟောင်း၌ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့သောကြောင့် လူ(၈)ဦး ထက်မနည်း ဒဏ်ရာရရှိသည့်အနက် (၃)ဦး ဒဏ်ရာပြင်းထန်

(GMT+08:00)2022-08-15 17:30:29  

ဒေသစံတော်ချိန် သြဂုတ်လ ၁၃ရက်နေ့ ညသန်းခေါင်ကျော်တွင် ဂျေရုဆလင် မြို့ဟောင်း၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့သောကြောင့် လူ(၈)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် (၃)ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေး အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ Israel Red David Shield(MDA)မှ ထုတ်ပြန်သော သတင်းအရ သိရပါသည်။

ဂျေရုဆလင်မြို့ဟောင်းရှိ ဘတ်စ်ကားတစ်စီး နှင့် ကားပါကင် စသည့် နေရာ(၂)ခုတွင် အကြမ်းဖက် တိုက်ခိုက်မှု ခံခဲ့ရကြောင်း၊ ရဲဘက်သည် တိုက်ခိုက်မှုပြုလုပ်ပြီး ထွက်ပြေး သွားသည့် ပစ်ခတ်သူအား ရှာဖွေနေသေးကြောင်း MDAမှပြောရေးဆိုခွင့်ရှိသူ Zaki Hellerက လူမှုကွန်ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်ဟု အစ္စရေး Haaretz သတင်းစာမှ ၁၄ရက်နေ့ထုတ် သတင်းအရ သိရပါသည်။