Truss သည် ဗြိတိန်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နိုင်ခြေရှိ

(GMT+08:00)2022-08-15 17:28:39  

ဗြိတိန်အာဏာရကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် ရွေးကောက်ပွဲရလဒ်ကို စက်တင်ဘာလ ၅ ရက်နေ့တွင် ကြေညာမည် ဖြစ်ပါသည်။ ပါတီဝင်များ၏ နောက်ဆုံးစာရင်း ကောက်ယူမှုအရ လက်ရှိ နိုင်ငံခြားရေးဝန်ကြီး Truss သည် ဘဏ္ဍာရေးဝန်ကြီးဟောင်း Sunak ထက် ထောက်ခံမှု ၂၂ ရာခိုင်နှုန်း များနေပြီး Johnson ၏ ဝန်ကြီးချုပ်နေရာကို အစားထိုး တာဝန်ထမ်းဆောင်နိုင်ခြေ ရှိပါသည်။

လျန်ဟိုဇော်ပေါင် သတင်းစာမှ ထုတ်ပြန်သည့်သတင်းအရ ဗြိတိန် စုံစမ်းရေးအေဂျင်စီ Opinium Research သည် သြဂုတ်လ ၁၃ရက်နေ့တွင် စာရင်းကောက်ယူမှုရလဒ်ကို ထုတ်ပြန်ခဲ့ရာ ဆန္ဒမဲပေးရန် ကွန်ဆာဗေးတစ်ပါတီအဖွဲ့ဝင် ၄၅၀ တွင် Truss အား ထောက်ခံမှုနှုန်းက ၆၁ ရာခိုင်နှုန်းရှိပြီး Sunak အား ထောက်ခံမှုနှုန်းက ၃၉ ရာခိုင်နှုန်း ရှိကြောင်း သိရပါသည်။