ငွေကြေးဖောင်းပွမှု မြင့်မားခြင်းကြောင့် အမေရိကန်မိသားစုများ ဘဏ္ဍာရေး ဖိအား ကြီးလာ

(GMT+08:00)2022-08-14 16:50:20  

ယခုလ ၁၀ ရက်နေ့က အမေရိကန် အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အချက်အလက်တွင် အမေရိကန် ကုန်ဈေးနှုန်း ကြီးမြင့်လာရုံသာမက အရှိန်အဟုန်ဖြင့် လျင်မြန်စွာ မြင့်တက်လာကြောင်း၊ ၄င်းအနက် အိမ်သုံး အစားအစာ ဈေးနှုန်း မြင့်တက်မှုသည် ၁၉၇၉ ခုနှစ် မတ်လမှစ၍ အမြင့်ဆုံးဖြစ်လာကြောင်း ဖော်ပြသည်ဟု သတင်းအရ သိရပါသည်။

အစားအစာဈေးနှုန်း ဆက်တိုက် မြင့်တက်မှုသည် အမေရိကန်ငွေကြေးဖောင်းပွမှု မြင့်မားခြင်းကို ပြသထားကြောင်း၊ အမေရိကန်မိသားစုများ အထူးသဖြင့် ဝင်ငွေနည်းပါးသော မိသာစုများသည် ဘဏ္ဍာရေး ဖိအားကြီးလာကြောင်း၊ ဈေးနှုန်း မတည်ငြိမ်မှုကြောင့် ဝင်ငွေနည်းသူများ ဒုက္ခခံရကြောင်း သတင်းအရ သိရပါသည်။