တိုင်ဖွန်း”Mira”သည် ဂျပန်နိုင်ငံကို ဝင်ရောက်ပြီး ဂျပန် ကုန်းကြောင်းနှင့် လေကြောင်း သွားလာမှုကို ထိခိုက်

(GMT+08:00)2022-08-14 16:51:02  

      ဒေသစံတော်ချိန် ၁၃ ရက်နေ့ ညနေပိုင်းက တိုင်ဖွန်း”Mira”သည် ဂျပန်နိုင်ငံ ရှီဇူအိုကာပြည်နယ်သို့ ဝင်ရောက်ခဲ့ပြီး ဟွန်းရှူးကျွန်း အလယ်ပိုင်းဒေသတွင် မီလီမီတာ ၃၀၀ ခန့် ရွာသွန်းမည်ဖြစ်ကြောင်း ဂျပန် မိုးလေဝသဌာနက ဖော်ပြပါသည်။ တိုင်ဖွန်း”Mira”ကြောင့် ရှင်ကန်စန် ရထားများ နှောင့်နှေးခဲ့ပြီး Japan Airlines နှင့် All Nippon Airways အပါအဝင် လေကြောင်းကုမ္ပဏီများသည် လေယာဉ်ခရီးစဉ်များကို ဖျက်သိမ်းသွားခဲ့ပါသည်။