ယီမင်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူတစ်ရာနီးပါး သေကျေအနာတရဖြစ်

(GMT+08:00)2022-08-14 16:51:33  

    ဒေသ စံတော်ချိန် ယခုလ ၁၂ရက်နေ့တွင် ယီမင် နိုင်ငံ HODEIDA ၌ အိုးမဲ့အိမ်မဲ့ ဖြစ်နေသူများသည် ရွက်ဖျင်တဲ၊ မွေ့ရာနှင့် အိပ်ရာခင်း ကဲ့သို့သော အသုံးအဆောင်ပစ္စည်း စသည့် ထောက်ပံ့ရေး ပစ္စည်းများကို ထုတ်ယူနေကြသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒေသတွင် ပျက်စီးဆုံးရှုံးမှု ဆိုးရွားစွာ ခံနေရသည်။ ယခုနှစ် ဇူလိုင်လ အလယ်ပိုင်းမှစ၍ ယီမင် တစ်နိုင်ငံလုံးတွင် မိုးရာသီ ရောက်ရှိပြီး မိုးရွာသွန်းမှု ပမာဏသည် လွန်ခဲ့သည့် နှစ်များကထက် များစွာ ပိုများကာ တိုတောင်းသည့် အချိန်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒေသများစွာတွင် ရေလွှမ်းမိုးမှု၊ တောင်ပေါ်မှ ရွှံ့နွံနှင့် ကျောက်ခဲများ ဒလဟော ကျဆင်းမှု စသည့် ဘေးဒဏ်များ ဖြစ်စေ၍ လူသေကျေ အနာတရဖြစ်မှုနှင့် ဥစ္စာဓန ဆုံးရှုံးနစ်နာမှု များစွာ ဖြစ်စေခဲ့သည်။