ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ခွဲ၍ မရသော အစိတ်အပိုင်းဖြစ်သည်ဟု တရုတ်နိုင်ငံ ဆိုင်ရာ ရုရှားသံအမတ်ကြီးဆို

(GMT+08:00)2022-08-14 16:46:28  

မကြာခင်က တရုတ်နိုင်ငံ ဆိုင်ရာ ရုရှားသံအမတ်ကြီး Andrei Denisov သည် တရုတ်နေ့စဉ်သတင်းစာ သတင်းထောက်နှင့် တွေ့ဆုံရာတွင် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ၏ ထိုင်ဝမ်သို့ တရားမဝင် ခရီးစဉ်သည် ပြောင်ပြောင်တင်းတင်း ရန်စသည့် လုပ်ရပ်ဖြစ်ကြောင်း၊ ဒေသတွင်းတည်ငြိမ်ရေးနှင့် နိုင်ငံတကာလုံခြုံရေးကို ဖျက်ဆီးသော ဆောင်ရွက်မှုများကို ရပ်စဲရန်နှင့် ပထဝီဝင်နိုင်ငံရေးသစ်တွင် အမေရိကန် ဗိုလ်ကျစိုးမိုးရေး ရပ်တည်နိုင်ခြေ မရှိခြင်းကို လက်ခံရန် တိုက်တွန်းကြောင်း သတင်းအရ သိရပါသည်။