ရှီကျင့်ဖိန်သည် “တရုတ်လူကောင်း”ဆု ရရှိသူများထံ စာပြန်

(GMT+08:00)2022-08-14 16:45:54  

တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ယခုလ ၁၃ရက်နေ့က အန်းဟွေးပြည်နယ် ဟွမ်စန်းတောင် ရှုခင်းသာနေရာက ဝန်ထမ်း လီဖေစိန်းနှင့် ဟူရှောင်ချွန်းထံသို့ စာပြန်ရာ ၄င်းတို့အား“တရုတ်လူကောင်း”၏ စံနမူနာ အခန်းကဏ္ဍမှ ဆက်လက် ပါဝင်ဆောင်ရွက်ရန် မျှော်လင့်ချက်ကို ဖော်ပြသည်။

၎င်းပြန်စာတွင် ရှီကျင့်ဖိန်က ခင်ဗျားတို့သည် တောင်တန်း၏ ပတ်ဝန်းကျင် သန့်စင်အောင် နှစ်ရှည်လများ ဆောင်ရွက်ပြီး သာယာလှပသော ဟွမ်စန်းတောင်ကို ထိန်းသိမ်းကာကွယ်ကာ အလုပ်အတွက် စူးစိုက်နှစ်မြှုပ်ထားမှုနှင့် ပေးလှူမှု စိတ်ဓါတ်ကို အပြည့်အဝ ပြသထားကြောင်း၊ “တရုတ်လူကောင်း”၏ အဖိုးအတန်ဆုံး အချက်မှာ သာမန် အလုပ်များတွင် ထူးချွန်သော စွမ်းဆောင် အောင်မြင်ချက်များ ရရှိခြင်း ဖြစ်ကြောင်း အလေးထား ဖော်ပြသည်။

၂၀၀၈ ခုနှစ်က တရုတ်နိုင်ငံ ဗဟို စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုထူထောင်ရေးနှင့် လမ်းညွှန်ရေး ကော်မတီရုံးသည် အွန်လိုင်းတွင် “တရုတ်လူကောင်း”အကဲဖြတ် ရွေးချယ်ခြင်း လှုပ်ရှားမှုကို စတင် ကျင်းပခဲ့သည်။ လီဖေစိန်းနှင့် ဟူရှောင်ချွန်းသည် ဟွမ်စန်းတောင် ရှုခင်းသာနေရာတွင် ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ သန့်ရှင်းရေးနှင့် ရှုခင်းသာနေရာရှိ နာမည်ကျော်ကြားသည့် “ခရီးသည်များကို ကြိုဆိုပုံဖော်သည့် ထင်းရှူးပင်”အား ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းကို ဆောင်ရွက်ပြီး ၂၀၁၂ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တွင် “တရုတ်လူကောင်း”ဆုကို အသီးသီး ရရှိခဲ့သည်။ မကြာခင်က ၄င်းနှစ်ဦးတို့သည် အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန် ထံသို့ စာရေးသားပေးပို့ရာ ၄င်းတို့၏ အလုပ် အကြောင်းအရာနှင့် အတွေ့အကြုံများကို အစီရင်ခံ တင်ပြပြီး သာယာလှပသည့် ဟွမ်စန်းတောင်ကို ထိန်းသိမ်းကာကွယ်ရေးအတွက်ရော၊ သာယာလှပသည့် တရုတ်ပြည်ကို တည်ဆောက်ရေး အတွက်ပါ အကျိုးပြု စွမ်းဆောင်ရန် စိတ်ပိုင်းဖြတ်မှုကိုလည်း ဖော်ပြသည်။