နယူးယောက်မြို့ ရေညစ်တွင် ပိုလီယိုရောဂါ ဗိုင်းရပ်စ်ကို တွေ့ရှိ

(GMT+08:00)2022-08-14 16:48:06  

အမေရိကန် နိုင်ငံ နယူးယောက်မြို့ ကျန်းမာရေးဌာနက မကြာခင်က နယူးယောက်မြို့ ရေညစ် နမူနာတွင် ပိုလီယိုရောဂါ ဗိုင်းရပ်စ်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ ယင်းဗိုင်းရပ်စ်သည် နယူးယောက်မြို့ လူနေရပ်ကွက်များတွင် ကူးစက်ပြန့်ပွားနေဆဲ ဖြစ်နိုင်ဖွယ်ရာရှိကြောင်း ယခုလ ၁၂ရက်နေ့က ပြောကြားသည်။

နယူးယောက်မြို့ ကျန်းမာရေး ဌာနမှ တာဝန်ခံ တစ်ဦးသည် မြို့သူမြို့သားများအား ပိုလီယိုရောဂါ ကာကွယ်ဆေးကို ထိုးနှံရန် ပန်ကြားခဲ့သည်။