ကမ္ဘာ့ဆင်များနေ့ - ကမ္ဘာ့ပထမဆုံး ဆင်ဆေးရုံ

(GMT+08:00)2022-08-13 17:57:58  

သြဂုတ်လ ၁၂ ရက်နေ့သည် ၁၁ ကြိမ်မြောက် ကမ္ဘာ့ဆင်များနေ့ ဖြစ်သည်။

ထိုင်းနိုင်ငံမြောက်ပိုင်း Lampang ပြည်နယ်သည် ပူနွေးစိုစွတ်သော ရာသီဥတုနှင့် စိမ်းလန်းစိုပြေသော သစ်ပင်များရှိပြီး၊ အာရှဆင်အများအပြားသည် ယင်းဒေသတွင် နေထိုင်ကြသည်။ ယခု အသက် ၆၆ နှစ်အရွယ်ရှိ Suraida Zavala သည် ၁၉၉၃ခုနှစ်က ကမ္ဘာ့ပထမဆုံး ဆင်ဆေးရုံကို တည်ထောင်ခဲ့သည်။ ပြီးခဲ့သည့် နှစ် ၃၀ ခန့်တွင် Suraida နှင့် ၄င်း၏ လုပ်ဖော်ကိုင်ဖက်များသည် ဒဏ်ရာရ သို့မဟုတ် ဖျားနာသည့် အာရှဆင် ၅၀၀၀ ကျော်ကို ကယ်တင်ကုသပေးခဲ့သည်။