ရှီကျင့်ဖိန်သည် နိုင်ငံတကာ လူ့ဘောင်အဖွဲ့အစည်းများ ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက်ကို အတူတကွ လက်တွေ့ဖော်ဆောင်ရေး ဆိုင်ရာ နှီးနှောဖလှယ်ရေး ညီလာခံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2022-08-13 17:55:57  

ယခုလ ၁၂ရက်နေ့က တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် နိုင်ငံတကာ လူ့ဘောင်အဖွဲ့အစည်းများ ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက်ကို အတူတကွ လက်တွေ့ဖော်ဆောင်ရေး ဆိုင်ရာ နှီးနှောဖလှယ်ရေး ညီလာခံထံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။

ရှီကျင့်ဖိန်က နိုင်ငံတကာ အသိုင်းအဝိုင်းသည် ဖွံ့ဖြိုးတိုးတက်မှု တိုးမြှင့်ရန် အားကောင်းသော သဘောတူညီမှုကို အဆက်မပြတ် စုစည်းပြီး ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကျိုးရှိသော နိုင်ငံတကာ ပတ်ဝန်းကျင်ကို ဖန်တီးကာ ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်ရေး တွန်းအားပေးမှုသစ်ကို ဖော်ဆောင်၍ ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက် ဆက်ဆံမှုကို လက်တွဲ တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း၊ တရုတ်ပြည်သည် ဘက်အသီးသီးတို့နှင့်အတူ လက်တွဲပြီး ကုလသမဂ္ဂ ၂၀၃၀ပြည့်နှစ် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကို အရှိန်မြှင့် တွန်းအားပေးကာ လူ့သား ကံကြမ္မာတူ အသိုက်အဝန်းကို အတူ တည်ဆောက်၍ စည်ပင်သာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ခေတ်ကာလသစ်ကို အတူ ဖန်တီးရန် အတွက် ပိုမိုကြီးမားသည့် အကျိုးပြုမှုကို စွမ်းဆောင်လိုကြောင်း ဖော်ပြသည်။