ထိုင်ဝမ်သို့ Pelosi၏ခရီးလှည့်လည်မှုသည် ဒီမိုကရေစီကို နင်းချေမှုဖြစ်သည်ဟု တရုတ်ဆို

(GMT+08:00)2022-08-13 18:03:04  

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Pelosi ၏ ထိုင်ဝမ်ဆိုင်ရာပြောဆိုချက်နှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က Pelosi၏ ထိုင်ဝမ်သို့ ခရီးလှည့်လည်မှုသည် ဒီမိုကရေစီနှင့် မသက်ဆိုင်သည့်အပြင် ဒီမိုကရေစီကို နင်းချေမှုဖြစ်ပြီး အမေရိကန်၏ကိုယ်ကျိုးစီးပွားက နိုင်ငံတကာ တရားမျှတမှု အပေါ် လွှမ်းမိုးမှုကို ဖော်ပြကြောင်း ၁၂ရက်နေ့က ကျင်းပခဲ့သောပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြစ်တင်ရှုတ်ချခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။