ဝူဟန့်သည် စတုတ္ထမြောက် အကြီးစား ခရီးသည်ပို့ဆောင်ရေး ဘူတာကို ဖွင့်လှစ်

(GMT+08:00)2022-08-13 17:56:41  

    ယခုလ ၁၂ရက်နေ့က တရုတ်ပြည် ဟူပေပြည်နယ် ဝူဟန့်မြို့၏ စတုတ္ထမြောက် အကြီးစား ခရီးသည် ပို့ဆောင်ရေး ဘူတာ ဖြစ်သည့် ဝူဟန့်အရှေ့ပိုင်းဘူတာကို ဖွင့်လှစ်ခဲ့သည်။ ဝူဟန့်အရှေ့ပိုင်းဘူတာသည် “1+8”မြို့အဝိုင်း အတွက် အထွေထွေ လမ်းပန်းဆက်သွယ်ရေး ဗဟိုချက်မ ဖြစ်ပြီး ဝူဟန့် မီးရထားလမ်းဆုံ ဗဟိုချက်မ၏ “ပင်မလိုင်း ၅လိုင်းနှင့် ပင်မမဟုတ်သော လိုင်း၂လိုင်း”ဟူသော ခရီးသည် ပို့ဆောင်ရေး အစီအစဉ်ရေးဆွဲမှုနှင့် အပြင်အဆင်များတွင် အရေးကြီး အစိတ်အပိုင်းလည်း ဖြစ်သည်။