အာဖဂန်၌ လူ (၂၅)သန်းခန့်သည် ဆင်းရဲနွမ်းပါးမှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလ ဆို

(GMT+08:00)2022-08-13 18:02:40  

ဒေသစံတော်ချိန် သြဂုတ်လ ၁၂ရက်နေ့က ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုရေးရာ ညှိနှိုင်းရေးရုံး(OCHA)က မကြုံစဖူးသော ထောက်ပံ့မှုရှိသော်လည်း အာဖဂန်ပြည်သူများသည် နိုင်ငံတကာကူညီထောက်ပံ့မှု လိုအပ်နေသေးကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

အာဖဂန်၌ လူ(၂၅)သန်းခန့်သည် ဆင်းရဲနွမ်းပါးမှုနှင့် ရင်ဆိုင်နေရကြောင်း၊ ယခုနှစ်တွင် အလုပ်အကိုင်နေရာ (၉)သိန်း လျော့နည်းသွားမည်ဟု ခန့်မှန်းရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ ညှိနှိုင်းရေးရုံး(OCHA)မှ အစီရင်ခံစာတစ်ရပ်တွင် ဖြည့်စွက်ပြောကြားခဲ့ပါသည်။