ကမ္ဘာ့ဆင်များနေ့----အချစ်၊ ဆင်များ၊ လိုက်နာမှု

(GMT+08:00)2022-08-13 18:04:59  

သြဂုတ်လ ၁၂ရက်နေ့သည် (၁၁)ကြိမ်မြောက် ကမ္ဘာ့ဆင်များနေ့ ဖြစ်သည်။ ယူနန်ပြည်နယ် ဖူအယ်မြို့ ကျန်းချိန် ခရိုင်တွင် အာရှဆင် ကြပ်မတ်ရေးဝန်ထမ်းများသည် နေ့ရောညပါ ဆင်များနှင့်အတူ လိုက်ပါပြောင်းရွှေ့လျက် ရှိသည်။ ကျန်းချိန်ခရိုင်၌ ဆင် ကြပ်မတ်ရေး ဝန်ထမ်း စုစုပေါင်း (၁၀)ဦးရှိသည်။ ၎င်းတို့သည် ဆင်တိုင်း၏ စိတ်သဘော၊ အစားအသောက်၊ လမ်းလျှောက်ရေးလမ်းကြောင်း၊ ကျန်းမာရေး အခြေအနေကို သိကျွမ်းကြသည်၊ ၂၄နာရီမပြတ် ဆင်အုပ်ကို ကြပ်မတ်ကြသည်၊ ခြေရာခံလိုက်ကြသည်၊ ကြည့်ရှုအကဲခတ်ကြသည်၊ ဆင်နှင့်အတူ လိုက်ပါ သွားလည်ကြပြီး လူထုနှင့် ဆင်အုပ်၏ လုံခြုံမှုကို ထိန်းသိမ်းစောင့်ရှောက်ကြပါသည်။