နိုင်ငံတကာအခြေအနေ မည်သို့ပင် ပြောင်းလဲသည်ဖြစ်စေ တရုတ်နိုင်ငံသည် အရည်အချင်း မြင့်မားသော တံခါးဖွင့်ရေးကို တိုးချဲ့ရန် စွဲကိုင်မှု ဟူသော ဆုံးဖြတ်ချက်ကို ပြောင်းလဲမည် မဟုတ်

(GMT+08:00)2022-08-13 18:02:18  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က နိုင်ငံတကာ အခြေအနေ မည်သို့ပင် ပြောင်းလဲသည်ဖြစ်စေ တရုတ်နိုင်ငံသည်   အရည်အချင်း မြင့်မားသော တံခါးဖွင့်ရေးကို တိုးချဲ့ရန် စွဲကိုင်မှု ဟူသော ဆုံးဖြတ်ချက်ကို ပြောင်းလဲမည် မဟုတ်ကြောင်း ၁၂ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

မကြာခင်က တရုတ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေးအသင်းမှ ထုတ်ပြန်သော နောက်ဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီးပွားရေးပတ်ဝန်းကျင်စစ်ဆေးရေး သုတေသန အစီရင်ခံစာတွင် နိုင်ငံခြားကုမ္ပဏီ အများစုသည် တရုတ်နိုင်ငံ၌ ရေရှည် ဖွံ့ဖြိုးရေး ရှေ့အလားအလာ ကောင်းမွန်သည်ဟု ယူဆကြကြောင်း ရေးသားဖော်ပြပါသည်။