၁၂ကြိမ်မြောက် ပီကင်းနိုင်ငံတကာရုပ်ရှင်ပွဲတော်ကို ဖွင့်လှစ်

(GMT+08:00)2022-08-13 18:00:01  

တရုတ်နိုင်ငံတော်ရုပ်ရှင်လုပ်ငန်းဌာနမှ စီမံခန့်ခွဲပြီး China Media Groupနှင့် ပီကင်းပြည်သူ့ အစိုးရတို့မှ ကြီးမှူးကျင်းပသော ၁၂ကြိမ်မြောက် ပီကင်းနိုင်ငံတကာရုပ်ရှင်ပွဲတော်ကို ပီကင်း ယန်ချီအိုင် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ပြပွဲစင်တာတွင် ဖွင့်လှစ်ခဲ့သည်။

တရုတ် ပြန်ကြားရေး ဝန်ကြီး ဌာနဒုဝန်ကြီး၊ (၁၂)ကြိမ်မြောက် ပီကင်းနိုင်ငံတကာ ရုပ်ရှင်ပွဲတော်စည်းရုံးကျင်းပရေးကော်မတီဥက္ကဋ္ဌ ရှန့်ဟိုင်ရွှံက အဖွင့်အမှာစကားပြောကြားပြီး ယခုအကြိမ် ရုပ်ရှင်ပွဲတော် ဖွင့်လှစ်ကြောင်း ကြေညာခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

၁၂ကြိမ်မြောက် ပီကင်းနိုင်ငံတကာရုပ်ရှင်ပွဲတော်ကို သြဂုတ်လ ၂၀ရက်နေ့တွင် ကျင်းပပြီးစီးမည်ဖြစ်ပြီး "Temple of Heaven Award" ၏အဓိကဆု (၁၀)ခုကို ကြီးကျယ်ခမ်းနားစွာ ကြေညာမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။