လစ်သူယေးနီးယား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး Vaiciukeviciute အား တရုတ် ပိတ်ဆို့အရေးယူကြောင်း ကြေညာ

(GMT+08:00)2022-08-13 17:59:07  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှသတင်းအရ  လစ်သူယေးနီးယား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုဝန်ကြီး Vaiciukeviciute၏ တရုတ်နိုင်ငံ ထိုင်ဝမ် ဒေသသို့ ခရီးလှည့်လည်ခြင်းသည်  တရုတ်ပြည်တစ်ပြည်တည်းသာရှိရေး မူဝါဒကို ဖောက်ဖျက်ခြင်း ဖြစ်ပြီး တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ပြင်းထန်စွာ ဝင်ရောက်စွက်ဖက်ခြင်းဖြစ်၍  တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်မှုနှင့် နယ်မြေတည်တံ့ပြည့်စုံမှုကို ထိခိုက်စေခြင်း ဖြစ်သည်။

တရုတ်နိုင်ငံက Vaiciukeviciute အား ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန်၊ လစ်သူယေးနီးယား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ဖလှယ်မှု မှန်သမျှကို ရပ်ဆိုင်းရန်၊ လစ်သူယေးနီးယားနှင့် နိုင်ငံတကာ ကုန်းလမ်းပို့ဆောင်ရေး နယ်ပယ်တွင် ကူးလူးဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။