ဥရောပသည် နှစ် ၅၀၀ အတွင်း အဆိုးရွားဆုံး မိုးခေါင်မှု ကြုံတွေ့နိုင်ဟု ကျွမ်းကျင်သူသတိပေး

(GMT+08:00)2022-08-12 17:57:22  

ဥရောပမိုးခေါင်မှု လေ့လာရေးဝက်ဘ်ဆိုက်မှ နောက်ဆုံးစာရင်းအရ ဇူလိုင်လ ၂၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ၁၀ ရက်အတွင်းတွင် ဥရောပတိုက်၏ ၄၇ ရာခိုင်နှုန်းခန့် ဒေသသည် မိုးခေါင်ရေရှားမှုဖြစ်ရန် သတိပေးအခြေအနေ ဖြစ်ခဲ့ကြောင်း၊ တစ်ချိန်တည်း တွင် ဥရောပတိုက်၏ ၁၇ ရာခိုင်နှုန်းသော ဒေသသည် အဆိုးဝါးဆုံးသောမိုးခေါင်ရေရှားမှု ဖြစ်ခြင်း သတိပေးအခြေအနေ ဝင်နေပြီ ဖြစ်ကြောင်း၊ ယင်းသည် မိုးရွာသွန်းမှုရှားပါး၍ မြေဆီလွှာ ခြောက်သွေ့မှုကို မလျော့ပါးစေနိုင်သဖြင့် အပင်နှင့် သီးနှံများကိုလည်း ထိခိုက်ကြောင်း ပြသ ထားသည်။

ဥရောပသမဂ္ဂ ကော်မရှင် ပူးတွဲ သုတေသနစင်တာမှ အဆင့်မြင့် သုတေသီ တိုရက်တီ က ယခုနှစ် ဥရောပတိုက် ကြုံတွေ့သောမိုးခေါင်ရေရှားမှုသည် နှစ် ၅၀၀ အတွင်း အဆိုးဝါးဆုံး ဖြစ်နိုင်ကြောင်း ပြောကြားသည်။