အမေရိကန်ရဲ့ “ချစ်ပ်ပြားမုန့်ပြားကြီး” ဟာ အဆာပြေနိုင်မှာ မဟုတ်

(GMT+08:00)2022-08-12 18:09:25  

အမေရိကန် သမ္မတ ဘိုင်ဒန်က မကြာခင်က“ချစ်ပ်ပြားနဲ့ သိပ္ပံပညာ ဥပဒေကြမ်း” ကို လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့တယ်။ ဒါနဲ့ ပတ်သက်ပြီး နယူးယောက် တိုင်းမ်စ်က ဒီဥပဒေကြမ်းကို ကြည့်ရတာ ရဲစိတ်ရဲမာန်နဲ့ ဖြစ်သလိုရှိပေမဲ့ အမှန်တော့ နှစ်များစွာ အတွင်း အကျိုးသက်ရောက်မှု ရှိနိုင်မှာ မဟုတ်ကြောင်း ဖေါ်ပြခဲ့တယ်။ ဝါရှင်တန် ပို့စ် သတင်းစာ မှာလည်း အင်ဒီအန်နာ တက္ကသိုလ် ဒုပါမောက္ခ တန်ဇမန်ရဲ့ ဆောင်းပါးကို ထုတ်ပြန်ပြီး “ချစ်ပ်ပြားနဲ့ သိပ္ပံပညာ ဥပဒေကြမ်း” ဟာ “တန်ဖိုးကြီးတဲ့ လူအကြီး” လား သို့မဟုတ် “ထိရောက်တဲ့ ဆန်းသစ်မှု တွန်းအား” လား ဆိုတာကို မယုံသင်္ကာ ဖြစ်မိတယ်လို့ ဖေါ်ပြခဲ့တယ်။

အမေရိကန်က ဒီဥပဒေကြမ်းကနေတစ်ဆင့် ဒေါ်လာ ဘီလီယံ ၂၈၀ တန်ဖိုး ဖြစ်တဲ့  “ချစ်ပ်ပြား မုန့်ပြားကြီး” တစ်ချပ်ကို ရေးဆွဲထားပြီး လုပ်ငန်းကုမ္ပဏီများကို အမေရိကန်မှာ စက်ရုံများ ဆောက်လုပ်ဖို့ ဆွဲဆောင်ရန်၊ ခေတ်မီ အဆင့်မြင့် ချစ်ပ်ပြား ထုတ်လုပ်မှုကို အမေရိကန်မှာ စုစည်းနိုင်ရန်၊ ဒီလိုနဲ့ အမေရိကန်ရဲ့ သိပံ္ပနည်းပညာ ဗိုလ်ကျစိုးမိုးမှုကို ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ထားပါတယ်။

ယခုနှစ်များအတွင်း တရုတ်နိုင်ငံ အပါအဝင် နိုင်ငံအချို့က တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်ရေးမှာ တိုးတက်မှုများ ဆက်တိုက် ရရှိခဲ့ပြီး အမေရိကန်မှ စိုးရိမ်ပူပန်မှုများ ဖြစ်စေ ခဲ့တယ်။ အမေရိကန်က ဒီဥပဒေကြမ်းကနေတစ်ဆင့် တရုတ်နိုင်ငံ အပါအဝင် နိုင်ငံများရဲ့ တစ်ပိုင်း လျှပ်ကူးပစ္စည်း ထုတ်လုပ်ရေး ဖွံ့ဖြိုးမှုကို ဟန့်တားပြီး အမေရိကန်ရဲ့ ဒီနယ်ပယ်မှာ အားသာချက်ကို တိုးမြှင့်ချင်တယ်။

ကျွမ်းကျင်ပညာရှင်များက ချစ်ပ်ပြား ထုတ်လုပ်မှုဟာ ဂလိုဘယ်လိုက်ဇေးရှင်း ဆိုင်ရာ လုပ်ငန်းမျိုးဖြစ်ပြီး အမြတ်အစွန်း စတဲ့နယ်ပယ်များဆိုင်ရာ ဥပဒေသ ရှိ၍ အမေရိကန်ရဲ့ ဒီဥပဒေကြမ်းဟာ ကုန်ထုတ်လုပ်မှုဆိုင်ရာ ဥပဒေသကို ကျောခိုင်းချိုးဖောက်ကြောင်း၊ အမေရိကန် ကုန်ထုတ်လုပ်မှုများက ပြည်ပသို့ စီးဆင်းနေခြင်း ဆိုင်ရာ နာတာရှည် ချို့ယွင်းမှုပြဿနာကို ထောက်ပံ့ကြေး သန်းသုံးလေးဆယ်နဲ့ပဲ ဖြေရှင်းနိုင်မှာ မဟုတ်ကြောင်း၊ Boston Consulting Group မှ ခန့်မှန်းချက်အရ အမေရိကန်က တရုတ်နိုင်ငံနဲ့ နည်းပညာ ချိတ်ဆက်မှု ဖြတ်တောက်ရေးမူဝါဒကို ကျင့်သုံးပါက အမေရိကန် ဟာ နိုင်ငံတကာမှာ ဈေးကွက် ၁၈ ရာခိုင်နှုန်းနဲ့ ဝင်ငွေ ၃၇ ရာခိုင်နှုန်းလောက် ဆုံးရှုံးရမှာ ဖြစ်ကြောင်း သုံးသပ်ထားပါတယ်။

    နိုင်ငံရေးအရ နှောင့်ယှက်မှုများနဲ့ နည်းပညာအရ ပိတ်ဆို့မှုများဟာ ဈေးကွက် ဥပဒေသနဲ့ ဖွံ့ဖြိုးရေး ရေစီးကြောင်းကို တားမြစ်နိုင်မှာ မဟုတ်ဘဲ အမေရိကန်ရဲ့ “ချစ်ပ်ပြားမုန့်ပြားကြီး” ဟာ အဆာပြေနိုင်မှာ မဟုတ်ကြောင်း China Media Group မှ သတင်း ဆောင်းပါး တစ်ပုဒ်မှာ ရေးသား ဖေါ်ပြထားပါတယ်။