Zaporozhye နျူကလီးယားဓာတ်အားပေးစက်ရုံ ဆက်လက်ပစ်ခတ်ခံရ

(GMT+08:00)2022-08-12 18:05:42  

ဒေသစံတော်ချိန် သြဂုတ်လ ၁၁ ရက်နေ့က Zaporozhye ဒေသဆိုင်ရာ တာဝန်ရှိသူက ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့များသည် Zaporozhye နျူကလီးယားဓာတ်အားပေးစက်ရုံနှင့် အနီးနားရှိ စက်ရုံများကို ဆက်လက်ပစ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ လက်ရှိတွင် Zaporozhye နျူကလီးယား ဓာတ်အားပေးစက်ရုံတွင် ယိုစိမ့်မှုမတွေ့ရသေးဘဲ ဓာတ်ရောင်ခြည်ပြင်းအားမှာ ပုံမှန်ဖြစ်သည်။

ထိုနေ့တွင်ပင် ယူကရိန်းနိုင်ငံတော် နျူကလီးယားစွမ်းအင် ကော်ပိုရေးရှင်းကလည်း Zaporozhye နျူကလီးယားဓာတ်အားပေးစက်ရုံကို ရုရှားစစ်တပ်က ပစ်ခတ်ခဲ့ကြောင်း ပြစ်တင်ခဲ့သည်။

ယူကရိန်းစစ်တပ်သည် နီကိုပိုလီကျေးရွာမှ Zaporozhye နျူကလီးယားဓာတ်အားပေးစက်ရုံကို အမြောက်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ရုရှားစစ်တပ်သည် နျူကလီးယားဓာတ်အားပေးစက်ရုံကို ကာကွယ်ရန် လုပ်ဆောင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထိုနေ့ ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သည်။