ကြာကန်ထဲတွင် အခွံပျော့လိပ်များ ပတ်လည်ပုံစံမွေးမြူရေးသည် စီးပွားရေးအကျိုးအမြတ်ကို မြှင့်တင်ပေးနေ

(GMT+08:00)2022-08-12 17:59:17  

သြဂုတ် ၁၂ ရက်နေ့တွင် တရုတ်နိုင်ငံ ဟန်ကျိုးမြို့၊ ထျန်းမှုစန်း မြို့နယ် ချန်းလျူ ကျေးရွာရှိ စိုက်ပျိုးရေးစခန်း၌ မွေးမြူရေးသမားများသည် ကြာကန်အတွင်းရှိ အခွံပျော့လိပ်များကိုဖမ်းပြီး ကန်ထဲသို့ ငါးစာနှင့် ငါးသားပေါက်များကိုလည်း ထည့်လိုက် ပါသည်။

ယခုနှစ်များတွင် ထျန်မှုစန်း မြို့နယ်သည် အစိမ်းရောင် လယ်ယာစိုက်ပျိုးရေးကို အားဖြည့် ဆောင်ရွက်ပြီး ပတ်လည်ပုံစံဖြစ် စိုက်ပျိုးရေး နှင့် မွေးမြူရေးကို တက်ကြွစွာ ဖန်တီး ခဲ့ပါသည်။ လယ်ထွက်ကုန်များ၏ အရည်အသွေးကို တိုးမြှင့်ပေးပြီး စီးပွားရေး အကျိုးအမြတ်ကိုလည်း မြှင့်တင်ပေးသည့် တစ်ချိန်တည်းတွင် ဂေဟစနစ် ပတ်ဝန်းကျင် ခရီး သွားလာရေးနှင့် အပန်းဖြေရေး ပေါင်းစပ်ထားသည့် အထူးလက္ခဏာပါသော ကျေးလက် ခရီးသွားလုပ်ငန်းကို တိုးချဲ့ပေး၍ လယ်သမားများ၏ ဝင်ငွေတိုးလာပြီး ကျေးလက် ရှင်သန်ရေးအတွက် အထောက်အကူပြုနေပါသည်။