ဆိုးသည်ကို ဖယ်ရှားပြီး ကောင်းသည်ကို ထွန်းကားအောင် ဆောင်ရွက်ရမည်၊ သွေးစည်း ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ပြီး ငြိမ်းချမ်းရေးကို အတူ ထိန်းသိမ်းကာကွယ်၍ ဖွံ့ဖြိုးမှုကို အတူ တွန်းအားပေးရသည်ဟု ဝမ်ယိ ဆို

(GMT+08:00)2022-08-12 17:45:04  

တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် အရှေ့အာရှ ပူးပေါင်း ဆောင်ရွက်ရေး နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး၊ ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေ့ရှ်နှင့် မွန်ဂိုးလီးယားနိုင်ငံများသို့ ခရီးလှည့်လည်၍ စမ်းတုန်း ပြည်နယ် ချင်းတောင်မြို့၌ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးနှင့် နီပေါ နိုင်ငံခြားရေး ဝန်ကြီးတို့နှင့် တွေ့ဆုံခဲ့ပြီးနောက် သြဂုတ်လ ၁၁ ရက်နေ့တွင် တရုတ် ဗဟိုမီဒီယာ၏ အင်တာဗျူးကို လက်ခံဖြေကြားခဲ့ပါသည်။

ယခုအကြိမ် တရုတ်-အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၏ အောင်ကျိုးရလဒ်များနှင့် ပတ်သက်ပြီး ဝမ်ယိက အစည်းအဝေးမှ အကြီးဆုံး အောင်ကျိုး ရလဒ်များသည် တရုတ်-အာဆီယံ ဆွေးနွေးရေး ဆက်ဆံမှု ထားရှိခဲ့ခြင်း နှစ် ၃၀ ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးမှ သဘောတူညီချက်များကို ဘက်စုံ ဖေါ်ဆောင်ခြင်း၊ တရုတ်-အာဆီယံ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု ဆောင်ရွက်ရေး စီမံကိန်းကို ရရှိခြင်းနှင့် အနာဂတ် ပူးပေါင်းဆောင်ရွက်ရေး အဓိကရများနှင့် ဦးတည်ချက်ကို စီမံထားခြင်းတို့ ဖြစ်ကြောင်း ပြောကြားပါသည်။

တောင်ပင်လယ်ဆိုင်ရာ ဘက်အသီးသီးတို့၏ ဆောင်ရွက်ရေး ကြေညာစာတမ်း၏ တောင်ပင်လယ် တည်ငြိမ်ရေးအတွက် အကျိုးသက်ရောက်မှုနှင့် ပတ်သက်ပြီး ဝမ်ယိက ဘက်အသီးသီးမှ နိုင်ငံခြားရေး ဝန်ကြီးများသည် ဖနွမ်းပင်၌ ပြန်လည် ဆုံတွေ့ကြပြီး ကြေညာစာတမ်း၏ ခရီးမှတ်တိုင်လို အရေးကြီး အဓိပ္ပါယ်ကို တစ်ညီတစ်ညွတ်တည်း တန်ဖိုးထား ချီးကျူးကာ၊ ယင်းကြေညာစာတမ်းသည် တောင်ပင်လယ် ငြိမ်းချမ်းတည်ငြိမ်မှု ထိန်းသိမ်းကာကွယ်ရေး၊ လွတ်လပ်စွာ ရေကြောင်းသွားလာမှု အာမခံ ပေးရေး အတွက် သော့ချက်ကျသော အကျိုးသက်ရောက်မှု ပြုလုပ်၍ တရုတ်နှင့် အာဆီယံ နိုင်ငံရေးဆိုင်ရာ အပြန်အလှန် ယုံကြည်မှု၊ တောင်ပင်လယ်ဆိုင်ရာ ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု များကို တိုးမြှင့်သည်ဟု ယူဆကြကြောင်း ပြောကြားပါသည်။

ဆက်လက်ပြီး ဝမ်ယိက ပလိုစီ တရုတ်နိုင်ငံ ထိုင်ဝမ် ဒေသသို့ သွားရောက်ခဲ့ပြီး နိုင်ငံရေးဆိုင်ရာ ရန်စမှု ပြုလုပ်ကာ ထိုင်ဝမ် ရေလက်ကြား တင်းမာမှုများကို ဖန်တီး ခဲ့ကြောင်း၊ မိမိ၏ ယခုအကြိမ် အစည်းအဝေး တက်ရောက်ခဲ့စဉ်နှင့် ခရီးလှည့်လည် ခဲ့စဉ်တွင် မိမိတို့သည် ဘက်အသီးသီးတို့အား အဖြစ်မှန်များနှင့် မိမိတို့၏ ရပ်တည်ချက်များကို အချိန်မီ ရှင်းလင်းပြောကြားခဲ့ကြောင်း၊ အကြောင်းမဲ့ ပြစ်တင်မှုများကို ထိရောက်စွာ တုံ့ပြန်ပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်၍ တရားမျှတသော အခွင့်အရေးနှင့် အကျိုးစီးပွားများကို ပြတ်ပြတ် သားသား ထိန်းသိမ်း ကာကွယ်ပါကြောင်း ပြောကြားပါသည်။