မော်လတာအလယ်တန်းကျောင်း "China Corner" မှ ဆရာဆရာမနှင့် ကျောင်းသူ ကျောင်းသားများအား ရှီကျင့်ဖိန်မှ ပြန်စာပေးပို့

(GMT+08:00)2022-08-12 18:01:06  

မကြာခင်က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မော်လတာနိုင်ငံ စိန့်မာဂရက် အလယ်တန်းကျောင်း "China Corner" မှ ဆရာဆရာမနှင့် ကျောင်းသူကျောင်းသား များအား ပြန်စာပေးပို့ပြီး၊ တရုတ်-မော်လတာ လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေးတွင် မော်လတာလူငယ်များမှ ပိုမိုတက်တက်ကြွကြွပါဝင်ရန် အားပေးခဲ့သည်။ မော်လတာ စိန့်မာဂရက် အလယ်တန်းကျောင်း "China Corner" မှ တာဝန်ရှိ ဆရာ အာဇော်ပါတီက သမ္မတ ရှီကျင့်ဖိန်၏ ပြန်စာသည် အားတက်ဖွယ်ကောင်းပါကြောင်း၊ မိမိ၏ နှလုံးသားထဲတွင် တရုတ်နိုင်ငံရှိပြီး၊ တရုတ်-မော်လတာ ချစ်ကြည်ရေးပေါင်းကူးတံတား ဆက်လက် တည်ဆောက် ပေးလိုပါကြောင်း ယခုလ ၁၀ ရက်နေ့က ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။