ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းတွင် တောမီးလောင်ကျွမ်းမှုကြောင့် လူသောင်းနှင့်ချီ ဘေးလွတ်ရာသို့ ရွှေ့ပြောင်း

(GMT+08:00)2022-08-12 17:53:20  

ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်း ကျီရိုတယ်ဒေသတွင် မကြာသေးမီက တောမီး ဖြစ်ပွားခဲ့ပြီး ယခုလ ၁၁ ရက်နေ့ညအထိ သစ်တော ဟက်တာ ၇၄၀၀ နီးပါး ပျက်စီးခဲ့ကာ လူသောင်းနှင့်ချီ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းသွားခဲ့ကြောင်း၊ ပြင်သစ်သမ္မတ မာကရုန်သည် တောမီးကို ငြှိမ်းသတ်ရန် နိုင်ငံတစ်ဝန်းရှိ မီးသတ်သမား ၁ သောင်းကျော်ကို စေလွှတ်ခဲ့ကြောင်း ၁၁ ရက်နေ့က လူမှုကွန်ရက် တွင် ရေးသားထားသည်ဟု သိရပါသည်။