တရုတ်နှင့်ထိုင်းနိုင်ငံ စစ်တပ်များသည် "Eagle Strike-2022" လေတပ်ပူးတွဲ လေ့ကျင့်မှုကို ယခုလ ၁၄ ရက်နေ့တွင် ကျင်းပမည်

(GMT+08:00)2022-08-12 17:49:45  

တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံလေတပ်တို့ ရရှိသောသဘောတူညီမှုအရ နှစ်ဦးနှစ်ဖက်တို့သည် ထိုင်းနိုင်ငံလေတပ် အူးလုံအခြေစိုက်စခန်းတွင် "Eagle Strike-2022" ဟု အမည်ပေးထားသည့် ပူးတွဲ လေတပ်လေ့ကျင့်မှုကို ကျင်းပမည်ဖြစ်ကြောင်း၊ လေ့ကျင့်မှုတွင် အဓိကအားဖြင့် လေကြောင်းထောက်ပံ့မှု၊ မြေပြင်ချေမှုန်းခြင်း၊ အသေးစားနှင့်အကြီးစား တပ်အားအသုံးပြုခြင်းတို့ ပါဝင်ကြောင်း၊ တရုတ်လေတပ်သည် တိုက်လေယာဉ်များ၊ ဗုံးကြဲလေယာဉ်များနှင့် ကြိုတင် သတိပေးလေယာဉ်များ စေလွှတ်ပြီး လေ့ကျင့်မှုတွင်ပါဝင်ကာ ထိုင်းလေတပ်မှ တိုက်လေယာဉ် များနှင့် ကြိုတင်သတိပေးလေယာဉ်များ စေလွှတ်မည်ဖြစ်ကြောင်း သိရပါသည်။

ယခုအကြိမ်ပူးတွဲလေ့ကျင့်မှုသည် နှစ်နိုင်ငံလေတပ်များအကြား အပြန်အလှန်ယုံကြည်မှုနှင့် ချစ်ကြည်ရေးကို တိုးမြှင့်ရန်နှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ တရုတ်-ထိုင်းနှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ထားကြောင်း သိရပါသည်။