ချင်းဟိုင်ပြည်နယ်၌ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရန် စွမ်းအင် သစ်ဖြင့် လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းကို တွန်းအားပေး

(GMT+08:00)2022-08-12 17:56:31  

မကြာခင်နှစ်များအတွင်း တရုတ်ချင်းဟိုင်ပြည်နယ် ဟိုင်နန် ဇန့်လူမျိုး ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသခွဲသည် မြေယာနှင့် နေရောင်ခြည်စွမ်းအင် အရင်းအမြစ်ကို အသုံးချပြီး စွမ်းအင်သစ်ဖြင့် လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းကို တွန်းအားပေးကာ ရေအား၊ လေအားနှင့် နေရောင်ခြည်စွမ်းအင်သိုလှောင်မှုကို အဓိကထားသော လုပ်ငန်းစု တည်ထောင်နေပြီ ဖြစ်ကြောင်း၊ ကွန့်ဟိုခရိုင်ရှိ ဟိုင်နန် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသခွဲ ဂေဟစနစ် နေရောင်ခြည်စွမ်းအင်ဇုန်၌ စွမ်းအင်သစ်နှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်သဖြင့် တစ်နှစ်ကို ကျောက်မီးသွေး တန်ချိန် ၁၄ သန်းကျော်ကိုချွေတာနိုင်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ ထုတ်လွှတ်မှု တန်ချိန် ၃၉ သန်းထက်မနည်း လျှော့ချနိုင်ကြောင်း သတင်းအရ သိရပါသည်။