တရုတ်နိုင်ငံသည် G-20 တွင် ကြွေးမြီပြန်ဆပ်မှု ဆိုင်းငံ့ပေးခြင်း ပမာဏအများဆုံးသော နိုင်ငံ ဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

(GMT+08:00)2022-08-12 18:07:08  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူဝမ်ဝင်ပင်သည် သြဂုတ်လ ၁၁ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲကို ကြီးမှူး ကျင်းပခဲ့ပါသည်။ အနောက်တိုင်းနိုင်ငံအချို့မှ တရုတ်ကြွေးမြီထောင်ချောက်သီအိုရီ သတင်းဖြန့်ခြင်း နှင့်ပတ်သက်သော သတင်းထောက်၏ မေးမြန်းချက်ကိုဖြေကြားရာတွင် ပြောရေးဆိုခွင့်ရှိသူဝမ်ဝင်ပင် က တရုတ်နိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နှင့် သီရိလင်္ကာ စသည့် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ချေးငွေ အချိုးအစားသည် အနောက်တိုင်းနိုင်ငံများ ဦးဆောင်သော နိုင်ငံတကာအရင်းငွေဈေးကွက်နှင့် ဘက်ပေါင်းစုံငွေရေးကြေးရေး အဖွဲ့အစည်း များထက် များစွာ ပိုနမ့်သည့်အပြင် များသောအားဖြင့် ဦးစားပေးချေးငွေ ဖြစ်ပြီး အတိုးနှုန်း သက်သာကာ ကန့်သတ်ချိန် ရှည်ကြာကြောင်း၊ ၄င်းနိုင်ငံများ၏ ကြွေးမြီဝန်ထုပ်ကို တိုးစေမည်မဟုတ်ဘဲ ၄င်းနိုင်ငံများ၏ အခြေခံအဆောက်အအုံနှင့် ပြည်သူ့နေထိုင်မှုဘဝ ကောင်းမွန်စေရေးအတွက် အပြုသဘော ဆောင်သောအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ တစ်ချိန်တည်းတွင် တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကြွေးမြီပြန်ဆပ်ခြင်း အားနည်းသည့် အခြေအနေကိုလည်း အာရုံစိုက်ပြီး၊ ကြွေးမြီပြန်ဆပ်မှု ဆိုင်းငံ့ရေးဆိုင်ရာ G-20 ၏ အဆိုပြုချက်ကို ဘက်စုံအကောင်အထည်ဖော်ပြီး G-20တွင် ကြွေးမြီပြန်ဆပ်မှု ဆိုင်းငံ့ခြင်း ပမာဏအများဆုံးသော နိုင်ငံဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။