“အရှေ့အလယ်ပိုင်း စသည့်ဒေသများတွင် အမေရိကန်နိုင်ငံသည် ပြင်းထန်သော လူ့အခွင့်အရေး ကျူးလွန်မှုများ ပြုလုပ်ခြင်း”ဟူသော လေ့လာရေးအစီရင်ခံစာ ထုတ်ပြန်ခြင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တုံ့ပြန်ပြောဆို

(GMT+08:00)2022-08-12 18:08:28  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်သည် သြဂုတ်လ ၁၁ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲကို ကြီးမှူး ကျင်းပခဲ့ပါသည်။ မကြာမီက တရုတ်လူ့အခွင့်အရေး သုတေသနအဖွဲ့မှ ထုတ်ပြန်သည့်“အရှေ့အလယ်ပိုင်း စသည့်ဒေသများတွင် အမေရိကန်နိုင်ငံသည် ပြင်းထန်သော လူ့အခွင့်အရေး ကျူးလွန်မှုများ ပြုလုပ်ခြင်း”ဟူသော လေ့လာရေးအစီရင်ခံစာနှင့် ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က ၄င်းအစီရင်ခံစာတွင် အရှေ့အလယ်ပိုင်းနှင့် အနီးတစ်ဝိုက် ဒေသများ၌ အမေရိကန်နိုင်ငံ၏ လူ့အခွင့်အရေးကျူးလွန်မှု“ပြစ်မှု၃ရပ်”ကို ဖွင့်ချ ဖော်ထုတ်ကြောင်း၊ ပထမအနေဖြင့် ထင်ရာစိုင်းစစ်ဆင်မှုကြောင့် အသက်ရှင်နေထိုင်ခွင့်ကို ကျူးလွန်ခြင်းဖြစ်ကြောင်း၊ ဒုတိယအနေဖြင့် အတင်းအဓမ္မပြုပြင်ပြောင်းလဲမှုနှင့် တစ်ဖက်သတ်အရေးယူမှုကြောင့် ဖွံ့ဖြိုးရေးနှင့် ကျန်းမာရေးဆိုင်ရာ အခွင့်အရေး များကို ကျူးလွန်ထိခိုက်ခြင်းဖြစ်ကြောင်း၊ တတိယအနေဖြင့် “ယဉ်ကျေးမှုအငြင်းပွားမှု”ကိုဖန်တီးမှု ကြောင့် လွတ်လပ်သောဘာသာရေးကိုးကွယ်မှုကို ကျူးလွန်ထိပါးခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ပြောရေးဆိုခွင့်ရှိသူဝမ်ဝင်ပင်က အမေရိကန်နိုင်ငံရေးသမားနှင့် စစ်ပွဲကိရိယာ၏ လက်ထဲတွင် အရှေ့အလယ်ပိုင်းဒေသမှ ပြည်သူများ၏ သွေးပေစွန်းသဖြင့် “လူ့အခွင့်အရေးကာကွယ်သူ”၊ “လူ့အခွင့်အရေးတရားသူကြီး”ဆိုတာ အဖြစ် လုပ်ရန် အရည်အချင်းလုံးဝမရှိကြောင်း  ပြောကြားခဲ့ပါသည်။