တောင်ကိုရီးယား F-4E တိုက်လေယာဉ် ပင်လယ်သို့ပျက်ကျ

(GMT+08:00)2022-08-12 17:46:20  

ဒေသစံတော်ချိန် သြဂုတ်လ ၁၂ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် တောင်ကိုရီးယားလေတပ်၏ F-4E တိုက်လေယာဉ်တစ်စင်းသည် တောင်ကိုရီးယားနိုင်ငံ၊ Gyeonggi ပြည်နယ် Hwaseong မြို့အနောက်ဘက်ပင်လယ်တွင် ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါ လေယာဉ်မှူးနှစ်ဦးသည် အသက်အန္တရာယ်မရှိဘဲ လွတ်မြောက်ခဲ့ပါသည်။ တောင်ကိုရီးယားလေတပ်က ယင်းမတော်တဆမှု ဖြစ်ပွားသည့်အကြောင်းရင်းကို အတည်ပြုရန် စုံစမ်းနေဆဲ ဖြစ်ပါသည်။