ရေကြီးရေလျှံခြင်းကြောင့် မြန်မာနိုင်ငံတွင် ကွန်ရက်အကြီးစား ပြတ်တောက်

(GMT+08:00)2022-08-12 18:04:46  

ရေကြီးမှုကြောင့် သြဂုတ်လ ၁၀ ရက်နေ့ညတွင် ကရင်ပြည်နယ် ကော့ကရိတ်မြို့မှ မြဝတီမြို့အထိ မြန်မာ-ထိုင်းအကြား optical ကေဘယ်များ ပြတ်တောက်ခဲ့သည်။ ထိုညမှ သြဂုတ်လ ၁၁ ရက်နေ့အထိ မြန်မာနိုင်ငံတွင် ကြီးမားသောကွန်ရက်ချိတ်ဆက်မှု ပြတ်တောက်သွားခဲ့ပြီး နေရာအများအပြားရှိ optical ကေဘယ်ကွန်ရက်နှင့်အချို့သော မိုဘိုင်းလ်ဖုန်းကွန်ရက်များသည် ဝင်ရောက်ခြင်းမပြုနိုင်ပေ။ optical ကေဘယ် ပြတ်တောက်နေသည့် ဧရိယာအတွင်း လက်နက်ကိုင်ပဋိပက္ခကြောင့် လိုင်းပြုပြင်ရန် အခက်အခဲများ ရှိကာ ကွန်ရက်ကိုမည်သည့်အချိန်တွင် ပြုပြင်နိုင်မည်ကို မဆုံးဖြတ်နိုင်သေးကြောင်း သိရပါသည်။