တရုတ်နှင့် တောင်ကိုရီးယား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှု တည်ငြိမ်စွာ တိုးတက်ရေးကို တွန်းအားပေးရမည်ဟု ဝမ်ယိ ဆို

(GMT+08:00)2022-08-11 19:58:53  

 တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ယခုလ ၉ ရက်နေ့က စန်းတုန်းပြည်နယ် ချင်းတောင်မြို့၌ အလည်အပတ် ရောက်ရှိလာသော တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ပါကျင်နှင့် တွေ့ဆုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပါသည်။

  ဝမ်ယိသည် နှစ်ဖက်တို့အနေနှင့် ပြင်ပမှ နှောင့်ယှက်မှုကို ဖယ်ရှားပြီး ကိုယ်ပိုင် ဆုံးဖြတ် ပြာန်းရေးကို စွဲကိုင်ရမည် ဖြစ်ခြင်း၊ အိမ်နီးချင်းကောင်း ချစ်ကြည်ရေးကို စွဲကိုင်ရမည် ဖြစ်ခြင်း၊ တံခါးဖွင့်ပြီး အပြန်အလှန် အကျိုးရှိစေရေးကို စွဲကိုင်ရမည် ဖြစ်ခြင်း စသည့် စွဲကိုင်ခြင်း ငါးရပ်ကို အဆိုပြုခဲ့ပြီး တရုတ်နိုင်ငံသည် တောင်ကိုရီးယားနိုင်ငံနှင့်အတူ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှုကို စွဲကိုင် ဖေါ်ဆောင်ပြီး နှစ်နိုင်ငံ ဆက်ဆံမှု ရှေ့သို့ တည်ငြိမ်စွာ တိုးတက်ရန် တွန်းအားပေးလိုပါကြောင်း ပြောကြား ပါသည်။

ပါကျင်က နှစ်နိုင်ငံ သံအဆက်အသွယ် ထားရှိခဲ့သည့် နှစ် ၃၀ ပြည့်ကို အခွင့်ကောင်း အဖြစ်ထားပြီး အပြန်အလှန် လေးစားရေး၊ တန်းတူရည်တူ အပြန်အလှန် အကျိုး ရှိစေရေးနှင့် အပြန်အလှန် ယုံကြည်ရေးတို့ကို ဖေါ်ဆောင်လိုကြောင်း ပြောကြားသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။