တရုတ်ပြည်သူများရဲ့ အကြောင်းကိစ္စကို တရုတ်ပြည်သူများပဲ ဆုံးဖြတ်မယ်

(GMT+08:00)2022-08-11 17:11:01  

 ဒီလ ၁၀ ရက်နေ့မှာ တရုတ်အစိုးရက ထုတ်ပြန်ခဲ့တဲ့ “ထိုင်ဝမ်ရေးရာနဲ့ ခေတ်သစ်မှာ တရုတ်နိုင်ငံရဲ့ တစ်ပေါင်းတစ်စည်းတည်းဖြစ်ရေးလုပ်ငန်း” စက္ကူဖြူစာတမ်းမှာ တရုတ် ပြည်သူများရဲ့ အကြောင်းကိစ္စကို တရုတ်ပြည်သူများပဲ ဆုံးဖြတ်ရမယ်လို့ ဖေါ်ပြပါတယ်။ အဲဒါဟာ ရှင်းလင်းပြတ်သားတဲ့ အောက်ပါ အချက်တစ်ချက်ကို ပြသထားတယ်၊ ထိုင်ဝမ် ရေးရာဟာ တရုတ်ပြည်တွင်းရေးဖြစ်ပြီး တရုတ်နိုင်ငံရဲ့ အဓိက အကျိုးစီးပွားနဲ့ တရုတ် ပြည်သူများရဲ့ အမျိုးသားရေးသံယောဇဉ်နဲ့ ဆက်စပ်ကာ ပြည်ပမှ ဝင်ရောက်စွက်ဖက်မှုကို ခွင့်ပြုမှာ မဟုတ်ပါဘူး။

   ကမ္ဘာပေါ်မှာ တရုတ်ပြည် တစ်ပြည်တည်းသာ ရှိပြီး ထိုင်ဝမ်ဟာ တရုတ်ပြည်ရဲ့ ခွဲမရသော အစိတ်အပိုင်း ဖြစ်ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ တရုတ်ပြည် တစ်ခုလုံးကို ကိုယ်စားပြုတဲ့ တစ်ခုတည်းသော တရားဝင် အစိုးရ ဖြစ်ပါတယ်။ အဲဒါဟာ တရုတ်နိုင်ငံက ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ ကူးလူးဆက်ဆံရေးဆိုင်ရာ နိုင်ငံရေးအခြေခံဖြစ်ပြီး သမိုင်း အထောက်အထားလည်း ရှိပါတယ်။ ၁၉၄၃ ခုနှစ်က ကိုင်ရို ထုတ်ပြန်ချက်နဲ့ ၁၉၄၅ ခုနှစ်က ပိုဆတမ် ထုတ်ပြန်ချက်တို့မှာ တရုတ်နိုင်ငံက ထိုင်ဝမ် ပိုက်နက်နယ်မြေအပေါ် အချုပ်အခြာ အာဏာပိုင်ခွင့်ရှိတယ်လို့ ရှင်းလင်းပြတ်သားစွာ ဖေါ်ပြထားတယ်။ ၁၉၇၁ ခုနှစ်က ၂၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အတည်ပြုခဲ့တဲ့ ဆုံးဖြတ်ချက် အမှတ် ၂၇၅၈ ဟာ တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူကို ပြသတဲ့ အရေးကြီး နိုင်ငံရေး စာတမ်း ဖြစ်ပြီး ဥပဒေဆိုင်ရာ အာဏာသက်ရောက်မှု ရှိပါတယ်။

   တရုတ်ပြည်တွင်းစစ်ပွဲမှ ကျန်ရစ်ခဲ့တဲ့ ထိုင်ဝမ်ပြဿနာကို ခုချိန်အထိ မဖြေရှင်းသေး ရတဲ့ အဓိကအကျဆုံး အကြောင်းရင်းဟာ အမေရိကန်မှ ဝင်ရောက်စွက်ဖက်၊ နှောင့်ယှက် တားမြစ်ခြင်းပဲ ဖြစ်ပါတယ်။ အမေရိကန်က တရုတ်-အမေရိကန် ပူးတွဲ ပြန်တမ်း သုံးရပ်မှာ တရုတ်ပြည် တစ်ပြည်တည်းသာရှိပြီး ထိုင်ဝမ်က တရုတ်ပြည်ရဲ့ အစိတ်အပိုင်း ဖြစ်ကြောင်း ကို အသိအမှတ်ပြုပေမယ့် လက်တွေ့လုပ်ဆောင်ခြင်းကတော့ မတူခြားနား ဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့ သံတမန် ဆက်ဆံရေး ထားရှိခဲ့ပြီးနောက် အမေရိကန်ဟာ “ထိုင်ဝမ်နဲ့ ဆက်ဆံရေးဥပဒေ” နဲ့ “ထိုင်ဝမ်အား အာမခံချက် ၆ ရပ်” ဆိုတာကို ပြုလုပ်ပြီး ထိုင်ဝမ် သီးခြားတည်ရှိရေး အင်အားစုနဲ့ ပူးပေါင်းချိတ်ဆက်မှုများ လုပ်ဆောင်ခဲ့ကြပါတယ်။

  တရုတ်ပြည်သူများရဲ့ အကြောင်းကိစ္စကို တရုတ်ပြည်သူများပဲ ဆုံးဖြတ်ရပါမယ်။ တရုတ်နိုင်ငံ လုံးဝတစ်ပေါင်းတစ်စည်းတည်းဖြစ်ရေး သမိုင်းပေးလုပ်ငန်းတာဝန်ကို အကောင်အထည်ဖေါ်ဆောင်ရမှာဖြစ်ပြီး ကျိန်းသေ အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ဖို့ ယုံကြည်ချက်ရှိကြောင်း China Media Group မှ သတင်း ဆောင်းပါး တစ်ပုဒ်မှာ ရေးသား ဖေါ်ပြထားပါတယ်။