နိုင်ငံတကာစုံစမ်းစစ်ဆေးမှုအရ စစ်တမ်းဖြေဆိုသူ၏ ၆.၃၁ ရာခိုင်နှုန်းသာ “အမေရိကန် သည် ကမ္ဘာကြီးကိုဆက်လက် စိုးမိုးမည်”ဟု ထောက်ခံ

(GMT+08:00)2022-08-11 12:52:17  

    CGTN မှ တတ်သိပညာရှင်များအဖွဲ့နှင့် တရုတ်ပြည်သူ့တက္ကသိုလ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးနှင့် မီဒီယာရေးရာသုတေသနဌာန ပူးတွဲပြုလုပ်သောခေတ်သစ် တရုတ်နိုင်ငံနိုင်ငံတကာစစ်တမ်းအရ စစ်တမ်းဖြေဆိုသူ၏ ၆.၃၁ ရာခိုင်နှုန်းသာ အမေရိကန်သည် ကမ္ဘာကြီးကို ဆက်လက် စိုးမိုးမည်ဟု ထောက်ခံသည်။

အဆိုပါ စစ်တမ်းကို နိုင်ငံ ၂၂ နိုင်ငံ၌ ပြုလုပ်ပြီး စစ်တမ်းဖြေဆိုသူအများစုသည် တရုတ်နိုင်ငံ၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးနှင့် နိုင်ငံတကာကူးလူးဆက်ဆံရေးနယ်ပယ်မှ သဘောတရား ဆောင်ရွက်မှုကို ထောက်ခံချီးကျူးကြသည်။ လူ့အခွင့်အရေးပြဿနာနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံမှ လူ့အခွင့်အရေးကို အမြဲတမ်းလက်တွေ့ကျကျ သဘောထားခြင်းကို စစ်တမ်းဖြေဆိုသူအများစုက ထောက်ခံသည်။

       နိုင်ငံတကာ စီမံခန့်ခွဲမှုနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံသည် လူသား ကံကြမ္မာတူ အသိုက်အဝန်း အဆိုပြုချက်ကို တင်ပြခဲ့သည်။ လူသားတို့သည် ကံကြမ္မာ တူတာ ဖြစ်ပြီး နိုင်ငံအသီးသီးတို့သည် ထိပ်တိုက် ရင်ဆိုင်မှုနှင့် စစ်အေး ခေတ်က နိုင်ငံတကာမိသားစုကြီးကွဲပြားမှုကို ရှောင်းရှားရမည်ဟု စစ်တမ်း ဖြေဆိုသူမှ ၆၁.၂၉ တို့ ထောက်ခံပြီး Belt and Road တစ်လျှောက်ရှိ နိုင်ငံများမှ ပြည်သူများက ပိုမိုထောက်ခံသည်။

Belt and Road တစ်လျှောက်ရှိ နိုင်ငံများ မိမိနိုင်ငံအပေါ် Belt and Road အဆိုပြုချက်နှင့်ပတ်သက်ပြီး စစ်တမ်းပြုလုပ်ခဲ့ရာ စစ်တမ်းဖြေဆိုသူ၏ ၅၃.၆၅ ရာခိုင်နှုန်းတို့သည် ဖွံ့ဖြိုးမှု အောင်ကျိုးရလဒ်များကို မျှဝေခြင်း ကိုထောက်ခံပြီး ၈.၀၈ ရာခိုင်နှုန်းသာကြွေးမြီထောင်ချောက်ဟူခြင်းကို ထောက်ခံသည်။

တရုတ်နိုင်ငံ၏ နိုင်ငံတကာ တာဝန်ဝတ္တရား တက်ကြွစွာ ထမ်းဆောင်ခြင်းနှင့်ပတ်သက်ပြီးတရုတ်နိုင်ငံသည် ကာကွယ်ဆေးအစရှိသော ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပစ္စည်းအများအပြားကို အခြားနိုင်ငံများအား လှူဒါန်းဟု စစ်တမ်းဖြေဆိုသူ ထောက်ခံမှု အများဆုံးဖြစ်ပြီး အာဖရိကတိုက်မှ စစ်တမ်းဖြေဆိုသူ၏ ၇၁.၃၆ ရာခိုင်နှုန်းတို့ ထောက်ခံသည်။

အနာဂတ်တွင် တရုတ်နိုင်ငံသည် အသင့်အတင့် သော့ချက်ကျစွာ အကျိုးဆောင်မည့် နယ်ပယ် များတွင် နိုင်ငံတကာစီးပွားရေး တိုးမြှင့်ရန် တွန်းအားပေးရေးနိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှင့် နိုင်ငံတကာလုံခြုံရေးစသော နယ်ပယ်များသည် စစ်တမ်းဖြေဆိုသူ၏ ၇၆.၂၃ ရာခိုင်နှုန်း၊ ၆၀.၆၀ ရာခိုင်နှုန်း၊ ၅၉.၈၇ ရာခိုင်နှုန်း၊ ၅၄.၈၀ ရာခိုင်နှုန်း ထောက်ခံကြောင်း China Media Group မှ သတင်းအရ သိရပါသည်။