ယူကရိန်းပစ်မှတ်များကို တိုက်ခိုက်ခဲ့သည်ဟု ရုရှားဆို၊ ရုရှား၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို တွန်းလှန်တိုက်ဖျက်ခဲ့သည်ဟု ယူကရိန်းဆို

(GMT+08:00)2022-08-11 20:06:14  

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ရုရှားတပ်ဖွဲ့သည် Donetsk စသည့် ဒေသများရှိ ခဲယမ်းမီးကျောက်ဂိုဒေါင်အပါအဝင် ယူကရိန်းတပ်ဖွဲ့၏ စစ်ရေးပစ်မှတ်များကို တိုက်ခိုက် ခဲ့သည့်အပြင် အမေရိကန်နိုင်ငံမှ ထုတ်လုပ်သော HIMARS ဖြင့် ပစ်လွှတ်သည့် ဒုံးကျည်များကိုလည်း ကြားဖြတ်တားဆီးခဲ့ကြောင်း သြဂုတ်လ ၁၀ ရက်နေ့က ပြောကြား ခဲ့ပါသည်။ ထိုနေ့တွင်ပင် ယူကရိန်းတပ်ဖွဲ့မှ စစ်ဦးစီးဌာနချုပ်က ယူကရိန်းတပ်ဖွဲ့သည် AvdeevkaSlavyansk နှင့် Bakhmut စသည့်ဒေသများတွင် ရုရှားတပ်ဖွဲ့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို တွန်းလှန်တိုက်ဖျက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။