တရုတ်နှင့် တောင်ကိုရီးယားတို့သည် နက်ရှိုင်းစွာ တိုးတက်ရေးဆိုင်ရာ အရေးကြီး အခွင့်အလမ်းနှင့် ဆုံတွေ့နေဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

(GMT+08:00)2022-08-11 20:02:06  

ယခုလ ၉ ရက်နေ့က ကျင်းပခဲ့သော ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ပါကျင်၏ တရုတ်ပြည် ခရီးစဉ်နှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ယခုနှစ်သည် တရုတ်နှင့် မြောက်ကိုရီးယား သံအဆက်အသွယ်ထားရှိခဲ့သည့် နှစ် ၃၀ ပြည့်မြောက်နှစ်ဖြစ်ပြီး နှစ်နိုင်ငံတို့သည် နက်ရှိုင်းစွာ တိုးတက်ရေးဆိုင်ရာ အရေးကြီး အခွင့်အလမ်းနှင့် ဆုံတွေ့နေကြောင်း၊ တရုတ်နှင့် တောင်ကိုရီးယားတို့သည် ယင်းကို အခွင့်ကောင်းအဖြစ်ထားပြီး ကူးလူး ဖလှယ်မှုကို တိုးမြှင့်၍ ပူးပေါင်းဆောင်ရွက်မှုကို အာရုံစူးစိုက်ကာ နှစ်ဖက် ဆက်ဆံမှု ဆက်လက် တည်ငြိမ်စွာ တိုးတက်စေရန် တွန်းအားပေးလိုပါကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။