အာဂျင်တီးနားသည် မြင့်တက်နေသော ဈေးနှုန်းများကို ရင်ဆိုင်ဖြေရှင်းရန်အတွက် ပင်စင်လစာ ၁၅ ရာခိုင်နှုန်း တိုးမြှင့်မည်

(GMT+08:00)2022-08-11 17:14:11  

အာဂျင်တီးနားအတွင်း အငြိမ်းစားယူသူအများစု၏ ပင်စင်လစာများသည် စက်တင်ဘာလမှ စပြီး ၁၅့၅၃ ရာခိုင်နှုန်း တိုးလာမည်ဖြစ်ကြောင်း ထို့အပြင် စက်တင်ဘာလမှစ၍ အငြိမ်းစားယူသူများသည် အာဂျင်တီးနား ပီဆို ၄ ထောင် မှ ၇ ထောင် အထိ သုံးလ ဆက်တိုက် အပိုထောက်ပံ့ကြေးငွေကိုလည်း ရရှိမည်ဖြစ်ကြောင်း အာဂျင်တီးနား နိုင်ငံစီးပွားရေးဝန်ကြီး မာဆာ နှင့် အာဂျင်တီးနား အမျိုးသား လူမှုဖူလုံရေး စီမံခန့်ခွဲရေးဌာန ညွှန်ကြားရေးမှူးချုပ် လာဗီတာ တို့က ၁၀ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

ပင်စင်လစာတိုးမြှင့်မှုသည် ငွေကြေးဖောင်းပွမှုကြောင့် ဖြစ်ပေါ်လာသော ကုန်ဈေးနှုန်းများ မြင့်တက်မှုကို ပြည်သူများအား ရင်ဆိုင်ဖြေရှင်းရာတွင် အထောက်အကူပေးရန် ရည်ရွယ်ထားကြောင်း အာဂျငတီးနားစီးပွားရေးဝန်ကြီး မာဆာ က ပြောကြားခဲ့ပါသည်။