ပီရူးသမ္မတ၏ ခရိုနီများသည် အကျင့်ပျက်ခြစားမှုသံသယရှိမှုဖြင့် ဖမ်းဆီးခံရ

(GMT+08:00)2022-08-11 20:17:36  

ဒေသစံတော်ချိန် ယခုလ ၁၀ ရက်နေ့ ညနေပိုင်းတွင် ပီရူးသမ္မတ ကာစ်တီရို ၏ ဇနီး၏ညီမဖြစ်သူ ဂျနီဖာပါရီဒက်စ်သည် တရားရုံးတွင် လက်မြှောက်ဝန်ခံခဲ့ပြီး အကျင့်ပျက် ခြစားမှုသံသယရှိသဖြင့် လက်ရှိအချိန်တွင် ဖမ်းဆီးမှုခံခဲ့ရကြောင်း၊ အစောပိုင်းအချိန်တွင် ပီရူးတရားရုံးက ၎င်းအား ဖမ်းဝရမ်းထုတ်ခဲ့ပြီး ၉ ရက်နေ့ ညတွင် ရဲတပ်ဖွဲ့နှင့်အတူ သမ္မတရုံးသို့ ဝင်ရောက်ရှာဖွေစီးနင်းကာ အကျင့်ပျက်ခြစားမှု သံသယရှိသဖြင့် ဖမ်းဆီး လိုသော်လည်း မအောင်မြင်ခဲ့ကြောင်း၊ ယခုအကြိမ် ရုတ်တရက် ရှာဖွေစီးနင်းမှုကို မြို့တော်ရှိ နေရာအများအပြားတွင် တစ်ချိန်တည်းပြုလုပ်ခဲ့ကြောင်း၊ အန်ဂျီယာ မြို့တော်ဝန်နှင့် စီးပွားရေးလုပ်ငန်းရှင်နှစ်ဦးတို့လည်း အလားတူ အကျင့်ပျက် ခြစားမှု ကိစ္စတွင် ပါဝင်ပတ်သက်ပြီး သံသယမှုဖြင့် ဖမ်းဆီးခံခဲ့ရကြောင်း သိရပါသည်။