“ပြည်တွင်းပြည်ပရှိ အမေရိကန်၏ အဓမ္မအလုပ်ခိုင်းစေမှုဆိုင်ရာ ဖြစ်ရပ်မှန်များ” အစီရင်ခံစာ ထုတ်ပြန်ခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန သဘောထားပြောကြား

(GMT+08:00)2022-08-11 19:56:04  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူဝမ်ဝင်ပင်သည် သြဂုတ်၁၀ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲကို ကြီးမှူးကျင်းပခဲ့သည်။ သတင်းထောက်တစ်ဦးက ဆင်ဟွာ သတင်း ဌာနသည် ယမန်နေ့က "ပြည်တွင်းပြည်ပရှိ အမေရိကန်၏ အဓမ္မအလုပ်ခိုင်းစေမှုဆိုင်ရာ ဖြစ်ရပ် မှန်များ" အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။ ထိုကိစ္စနဲ့ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူရဲ့ မှတ်ချက်က ဘယ်လိုလဲလို့ မေးမြန်းခဲ့သည်။

ဝမ်ဝင်ပင်က ဤအစီရင်ခံစာသည် အမေရိကန်ကိုတည်ထောင်ချိန်မှစ၍ လွန်ခဲ့သည့် နှစ်ပေါင်း၂၀၀ ကျော်အတွင်း တည်ရှိခဲ့သော အဓမခိုင်းစေမှုများ၏ သမိုင်းဝင်ဖြစ်ရပ်မှန်များနှင့် ယနေ့ခေတ် ဖြစ်ရပ်ဆိုးများအကြောင်းကို ရှုထောင့်ပေါင်းစုံမှ တင်ဆက်ပေးထားကြောင်းကျွန်ုပ်အနေဖြင့် အောက်ပါအတိုင်း ပြောပြလိုကြောင်း၊ ပထမအချက်မှာ အဓမ္မအလုပ်ခိုင်းစေမှုသည် အမေရိကန်တည်ထောင်မှုသမိုင်းနှင့် ရှေးဦးစွာအရင်းအနှီး စုဆောင်းခြင်း သမိုင်းနှင့်အတူတွဲနေကြောင်း၊ ဒုတိယအချက်မှာ အမေရိကန်တွင် အဓမ္မအလုပ်ခိုင်းစေမှု မှတ်တမ်းဆိုးများစွာရှိကြောင်း၊ တတိယအချက်မှာ အမေရိကန်တွင် အဓမ္မအလုပ်ခိုင်းစေမှု၏ ဆိုးကျိုး များသည် ပြန့်ကျဲနေသော အကျိုးသက်ရောက်မှုများဖြစ်ပေါ်ပြီး နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုနှင့် အခြားနိုင်ငံများ၏ လူ့အခွင့်အရေးချိုးဖောက်မှု စသည့်ပြဿနာများဖြစ်ပေါ်ကြောင်း၊ စတုတ္ထ အချက်မှာ နိုင်ငံတကာအသိုက်အဝန်းသည် အမေရိကန် လူ့အဖွဲ့အစည်းအတွင်း အဓမ္မ အလုပ်ခိုင်းစေမှုနှင့်ပတ်သက်၍ လေးလေးနက်နက် စိုးရိမ်ပူပန်လျက်ရှိကြောင်း ပြောကြားပါသည်။