အမေရိကန်၏ ဇူလိုင်လပိုင်း စားသုံးသူဈေးနှုန်းညွှန်းကိန်းသည် လွန်ခဲ့သည့်နှစ် အလားတူအချိန်ပိုင်းကထက် ၈.၅ ရာခိုင်နှုန်း တိုးမြင့်လာ

(GMT+08:00)2022-08-11 20:29:12  

အမေရိကန် အလုပ်သမားဌာနမှ သြဂုတ်လ ၁၀ ရက်နေ့က ထုတ်ပြန်သည့် စာရင်းအရ အမေရိကန်၏ ဇူလိုင်လပိုင်း စားသုံးသူဈေးနှုန်းညွှန်းကိန်းသည် လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၈.၅ ရာခိုင်နှုန်းတိုးမြင့်လာပြီး ဇွန်လတွင် ၉.၁ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက အနည်းငယ် ကျဆင်းသော်လည်း အမေရိကန်စားသုံးသူဈေးနှုန်းညွှန်းကိန်း သည် လွန်ခဲ့သည့်နှစ် အလာတူ အချိန်ပိုင်းနှင့် နှိုင်းယှဉ်လျှင် ၅ လ ဆက်တိုက် ၈ ရာခိုင်နှုန်းကျော်သွားကြောင်း သိရပါသည်။

အမေရိကန်ဈေးနှုန်းများ မြင့်တက်မှု နှေးကွေးလာသည့်လက္ခဏာများ ပေါ်လာနေသော်လည်း အစားအသောက်နှင့် အိမ်ရာစရိတ်များ မြင့်မားနေဆဲဖြစ်ပြီး ငွေကြေးဖောင်းပွမှုသည် နှစ် ၄၀ နီးပါးအတွင်းတွင် မြင့်မားသည့် နေရာတည်ရှိသေးကြောင်း လေ့လာ သုံးသပ်သူများက ယူဆကြပါသည်။