ကျူးဘားရေနံသိုလှောင်ရေးစခန်း မီးလောင်မှု အသင့်အတင့်သာ ထိန်းချုပ်နိုင်သေး

(GMT+08:00)2022-08-11 20:03:47  

ကျူးဘားနိုင်ငံ Matanzas ပြည်နယ် ရေနံသိုလှောင်ရေးစခန်းမှ ရက်များစွာ ဆက်တိုက်လောင်နေသောမီးငြိမ်းသတ်မှုနှင့် ကယ်ဆယ်မှုလုပ်ငန်းများသည် ယခုလ ၉ ရက်နေ့တွင် အပြုသဘောဆောင်သော တိုးတက်မှုများရရှိခဲ့ပြီး မီးလောင်မှုအခြေအနေကို အသင့်အတင့် ထိန်းချုပ်နိုင်ခဲ့သည်။ ဒေသစံတော်ချိန် ယခုလ ၉ ရက်နေ့ ည ၇ နာရီအထိ ယင်းမီးလောင်မှုတွင် လူ ၁ ဦး သေဆုံးပြီး ၁၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကျူးဘား မီးသတ်ဌာနမှ အတည်ပြုခဲ့သည်ဟု China Media Group မှသတင်းအရ သိရသည်။