ဥရောပတွင် မိုးခေါင်မှုကြောင့် ရိုင်အင်မြစ်၏ ရေမျက်နှာပြင် ကျဆင်းသွားပြီး စွမ်းအင် အကျပ်အတည်းကို ပိုမိုဆိုးရွားစေ

(GMT+08:00)2022-08-11 20:19:04  

ဆွစ်ဇာလန်၊ ဂျာမဏီ၊ ပြင်သစ်နှင့် နယ်သာလန်စသည့်နိုင်ငံများကို ဖြတ်သန်း စီးဆင်းသည့် ရိုင်အင်မြစ်သည် ဥရောပတွင် အရေးပါသော‌ ရေကြောင်း ပို့ဆောင်ရေးလိုင်း ဖြစ်ပြီး နှစ်စဉ် ရိုင်အင်မြစ်မှတစ်ဆင့် နိုင်ငံများအကြား တန်ချိန်သန်းပေါင်း ၁၀ ကျော်ရှိသော ကုန်စည်များကို သယ်ယူပို့ဆောင်ကြောင်း၊ ယခုနှစ် နွေရာသီမှာ ဥရောပတွင် အဆက်မပြတ် မိုးခေါင်ခြင်းနှင့် မိုးအနည်းငယ်သာရွာသွန်းခြင်းတို့ကြောင့် ရိုင်အင်မြစ်၏ ရေမျက်နှာပြင် ကျဆင်းသွားကာ ပို့ဆောင်ရေးကို ဆိုးရွားစွာ ထိခိုက်ခဲ့ပြီး ဥရောပတွင် စွမ်းအင်အကျပ်အတည်းကို ပိုမိုဆိုးရွားစေခဲ့ကြောင်း သိရပါသည်