ရုရှားကျောက်မီးသွေးတင်ပို့မှု ဥရောပသမဂ္ဂက တရားဝင် ပိတ်ပင်မှု အာဏာတည်ပြီ

(GMT+08:00)2022-08-11 20:24:29  

သြဂုတ်လ ၁၁ ရက်နေ့မှစ၍ ရုရှားကျောက်မီးသွေးတင်ပို့မှုကို ဥရောပသမဂ္ဂက ပိတ်ပင်ခြင်း တရားဝင်အာဏာတည်ပြီ ဖြစ်သည်။

ရုရှားကျောက်မီးသွေးတင်ပို့မှု ပိတ်ပင်ခြင်းကြောင့် ကျောက်မီးသွေး၏ ကုန်ကျစရိတ် မြင့်တက်လာစေပြီး ဒေသတွင်း လျှပ်စစ်ဈေးနှုန်း တက်လာစေမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂအတွင်းပိုင်းက ကျယ်ကျယ်ပြန့်ပြန့် ယူဆကြသည်။

ရုရှားကျောက်မီးသွေးတင်ပို့မှုကို ပိတ်ပင်ခြင်းမှာ ရုရှားနိုင်ငံအပေါ် ဥရောပ သမဂ္ဂ၏ ပဉ္စမအကြိမ်မြောက် အရေးယူမှုများ၏ အစိတ်အပိုင်းဖြစ်သကဲ့သို့ ယူကရိန်း အကျပ်အတည်းဖြစ်ပွားပြီးနောက် ရုရှားနိုင်ငံအပေါ် ဥရောပသမဂ္ဂ၏ ပထမဆုံးအကြိမ် စွမ်းအင်ဆိုင်ရာ အရေးယူမှုလည်း ဖြစ်ပါသည်။ သက်ဆိုင်ရာစာရင်းအရ ဥရောပသမဂ္ဂမှ နှစ်စဉ်နှစ်တိုင်း တင်သွင်းသောကျောက်မီးသွေး ၄၅ ရာခိုင်နှုန်းသည် ရုရှားနိုင်ငံမှ တင်သွင်းလာခြင်း ဖြစ်ပါသည်။

ဂျာမဏီ၊ ပိုလန်နှင့် နယ်သာလန်စသည့်နိုင်ငံများသည် ဥရောပသမဂ္ဂအတွင်းရှိ အကြီးဆုံးဝယ်ယူသူများ ဖြစ်ပါသည်။ ဥရောပသမဂ္ဂမှ လျှပ်စစ် ဓာတ်အားပေးရန်၊ အနွေးဓာတ်ရရန် အသုံးပြုသော ကျောက်မီးသွေး၏ ၇၀ရာခိုင်နှုန်းသည် ရုရှားနိုင်ငံမှ တင်သွင်းလာခြင်းဖြစ်ပါသည်။ ရေနံ၊သဘာဝဓာတ်ငွေ့နှင့် နှိုင်းယှဉ်ကြည့်လျှင် ဥရောပသမဂ္ဂသည် ရုရှားနိုင်ငံမှ တင်သွင်းသောကျောက်မီးသွေး၏ စုစုပေါင်းပမာဏနှင့် တန်ဖိုး နည်းသဖြင့် ရုရှားကျောက်မီးသွေးတင်ပို့မှု ပိတ်ပင်ခြင်းသည် ဥရောပ သမဂ္ဂ အတွက် ပိုမိုလွယ်ကူပါသည်။

လက်ရှိတွင် ဥရောပသမဂ္ဂသည် ဈေးကွက်ချို့တဲ့မှုကို ဖြည့်စွက်ရန် တောင်အာဖရိက စသည့်နိုင်ငံများမှ ကျောက်မီးသွေးကိုဝယ်ယူရန် ကြိုးပမ်း ဆောင်ရွက် နေပါသည်။